Mitsubishi Motor Myanmar မှ Mitsubishi Day အခမ်းအနား ကျင်းပပြုလုပ်

Mitsubishi Motor Myanmar သည် Mitsubishi ပရိတ်သတ်များအတွက် အထူးအစီအစဉ်အနေဖြင့် Mitsubishi Day ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ(၂၂)ရက်နှင့် (၂၃)ရက်နေ့က မြန်မာပလာဇာတွင် ကျင်းပပြုလုပ်ခဲ့သည်။

Mitsubishi Motor Myanmar သည် ပြီးခဲ့သည့် (၂၀၁၉)ခုနှစ်က ASX၊ Xpander၊ L200 စသည့် မော်ဒယ်သစ်ကား(၃)စီးကို မိတ်ဆက်ဈေးကွက်ထဲ မိတ်ဆက်ခဲ့သည့်အစီအစဉ်၊ “သင့်ဆန္ဒဇော်ရှိရာ မောင်းနှင်ပါ” ဆိုတဲ့ ဆောင်ပုဒ်ကို ကမ္ဘာ့လုံးဆိုင်ရာမိတ်ဆက်သည့် အစီအစဉ်နှင့် မန္တလေးတွင် 3S Showroom ဖွင့်လှစ်ခဲ့သည့် အစီအစဉ်တွေကို ထည့်သွင်းကျင်းပခဲ့ပါတယ်။

Mitsubishi Motor Myanmar သည် ယခု (၂၀၂၀)ခုနှစ်တွင်လည်း မောင်းနှင်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးစွမ်းနိုင်မည့် “၂၀၂၀ ခြေလှမ်းသစ်ဆီသို့ To The Next Stage 2020” အစီအစဉ်များကို မိတ်ဆက်ပေးသွားမည်ဖြစ်ပြီး Mitsubishi Day သည် အဆိုပါအစီအစဉ်များထဲမှ တစ်ခုဖြစ်သည်။

အဆိုပါအခမ်းအနားတွင် Mitsubishi Xpander 2020 မော်ဒယ်သစ်ကိုလည်း မိတ်ဆက်သွားခဲ့ပြီး ၂၀၁၉ မော်ဒယ်နှင့် မော်ဒယ်သစ်ကြား ခြားနားမှုများကို ရှင်းလင်းတင်ဆက်ခဲ့သည်။ အသစ်ထွက်ရှိလာမည့် Xpander မော်ဒယ်သစ်တွင် ပြောင်းလဲမှု(၃)ခု ရှိလာမည်ဖြစ်ပြီး ရှေ့ဘက်တွင် Radiator Grille၊ အနောက်ဘက်တွင် Shark Fin Antenna နှင့် Alloy ပုံစံအနည်းငယ် ပြောင်းလဲသွားမည်ဖြစ်သည်။

Crossvoer MPV အမျိုးအစားဖြစ်သည့် Xpander 2020 မော်ဒယ်သစ်ကို အရောင်(၆)မျိုးဖြင့် ရရှိနိုင်မည်ဖြစ်ကာ ဒေါ်လာ (၂၆,၇၀၀) ဖြင့် ကြိုတင်စာရင်းသွင်းမှာယူနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *